ကျောက်ပန်းတောင်း မတ် ၂၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် အင်တောကျယ်ကျေးရွာသည် ထန်းလက်ကုလားထိုင်အမြောက်အများပြုလုပ်ရောင်းချသည့်ကျေး ရွာဖြစ်ကာ ယခုနှစ်တွင် ထန်းလက်ကုလားထိုင်များ လာရောက်ဝယ်ယူမှုနည်းသည့် နှစ်တစ်နှစ်ဖြစ်ကြောင်း ကုလားထိုင်ပြုလုပ်ရောင်းချသည့် ဦးဝင်းနိုင်ထံက သိရသည်။
ထန်းလက်ကုလားထိုင်၊ ထန်းလက်စားပွဲ၊ ထန်းလက်ဖာများ ပြုလုပ်ရောင်းသည့် အင်တောကျယ်ကျေးရွာသည် ကျောက်ပန်းတောင်း-မိတ္ထီလာကားလမ်းမကြီးဘေးတ ဘက်တချက်တွင်တည်ရှိကာ ကျောက်ပန်းတောင်းမြို့မှ ငါးမိုင်ခန့်အကွာတွင် တည်ရှိပြီး နှစ်စဉ်နှစ်တိုင်း ထန်းလက်များ စုဆောင်းထားကာ ထန်းလက်ကုလားထိုင်မြောက်အများ ပြုလုပ်ရောင်းချခြင်း ဖြင့် မိသားစုစီးပွားရေး တစ်နိုင်တစ်ပိုင် ဝင်ငွေရရှိနေကြကြောင်း သိရသည်။ အင်တောကျယ် ကျေးရွာတွင် ထန်းလက်ကုလားထိုင်များအား ကားလမ်းဘေးဝဲ/ယာတွင် ချထားပြီး ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဒေသို့ ဘုရားဖူးလာရောက်ပြီး အပြန်တွင် ကားရပ်ဝယ်ယူမှု များကြကြောင်း၊ အခါတိုင်းနှစ်များတွင် ထန်းလက်ကုလားထိုင် ရောင်းအားကောင်းကြပြီး ယခုနှစ်တွင် ထန်းလက်ကုလားထိုင်များ ရောင်းချရမှုအလွန်နည်းကြောင်း၊ ထန်းလက်ကုလား ထိုင်ပြုလုပ်ရာတွင် ထန်းလက်များအား တစ်လက်ငါးဆယ်ကျပ်ဖြင့် ရသလောက်ဝယ်ယူ စုဆောင်းထားကာ ထန်းလက်ကုလားထိုင်ပြုလုပ်ကြကြောင်း၊ ထန်းလက်ကုလားထိုင်ပြုလုပ်ရန် စောက်၊တူ၊ သံမှိုသာလိုအပ်ပြီး ကုလားထိုင် ခြေထောက်၊ ကုလားထိုင်အခင်း၊ ကုလားထိုင်ကွပ် များကို ထန်းလက်ဖြင့်သာပြုလုပ်ရောင်း ချပြီး ကုလားထိုင်တစ်လုံး ၄၅၀၀ကျပ်၊ ခြေဆန့်အိပ်ကုလားထိုင်တစ်လုံး ၆၀၀၀ကျပ်၊ ထန်းခေါက်ဖာကတော့ အကြီး/အသေးပေါ် မူတည်ပြီး ဈေးကွာခြားကြောင်းသိရပြီး ယခုနှစ်တွင် ထန်းလက်ကုလားထိုင်ရောင်းချရမှု လွန်းနည်းကာ အခါတိုင်းနှစ်များတွင် ထန်းလက်ကုလားထိုင် အမြောက်အများရောင်းချ ရကြောင်း၊ ထန်းလက်ကုလားထိုင် ရောင်းချရမှု အလွန်နည်းသည့် နှစ်တစ်နှစ်ဖြစ်ကြောင်းလည်း ဦးညိုအုန်းက ရှင်းပြ၍ သိရသည်။
ကိုထိန်၊KPD