မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံထားခြင်း ရှိ ၊ မရှိ  ကျေးရွာများအရောက် ကွင်းဆင်းစစ်ဆေး၍ ထိုးနှံပေး

မိုးမိတ် မတ် ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအားအရှိန်အဟုန်မြှင့်၍ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ စတုတ္ထလှိုင်း ရောဂါကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ရောဂါကူးစက်ပျံ့ပွားမှုကို အမြန်ဆုံး ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ် ၁၉ ရောဂါကြိုတင်ကာကွယ်ဆေး  ရာနှုန်းပြည့် ထိုးနှံပြီးစီးနိုင်ရန်အတွက် ရည်ရွယ်၍ (mobile Team ) အဖွဲ့ဝင်များသည်  ယနေ့နံနက် ၈ နာရီ အချိန်မှစတင်၍  မိုဘိုင်စနစ်ဖြင့် ကျေးရွာများအရောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံထားခြင်း ရှိ၊ မရှိ စစ်ဆေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းမပြုရသေးသူများအား ကြုတင်စာရင်းပြုစုထားရှိပြီး  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံထားခြင်း မရှိသူများအား  ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် အသိပညာပေးခြင်း စသည့် လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော်မှကြီးကြပ်၍ (mobile Team) အဖွဲ့ဝင်များ၊  မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင်များ၊ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ရဲ တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များက ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စည်သူဌေး (ခရိုင်ပြန်/ဆက်)