ကိုင်းမကြီးကျေးရွာ မီးလောင်ဆုံးရှုံးသွားသော တောင်သူများ၏ မျိုးစေ့လိုအပ်ချက် တင်ပြတောင်းခံ

မင်းဘူး  မတ်  ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ကိုင်းမကြီးကျေးရွာတွင် မတ်လ ၁၁ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်က မီးလောင်၍ ဆုံးရှုံးသွားသော တောင်သူများ၏ မျိုးလိုအပ်ချက်အတွက် မျိုးစေ့များ ထောက်ပံ့ပေးနိုင်ပါရန် တင်ပြတောင်းခံ ထား ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ကိုင်းမကြီးကျေးရွာတွင် မီးလောင် ဆုံးရှုံးထားသည့် အိမ်ထောင်စုပေါင်း ၇၂ စု ရှိပြီး လယ်/ယာ ကိုင်းကျွန်း လုပ်ကိုင်သူ  ၂၄ ဦးရှိရာ ၎င်းတို့အထဲမှ လယ်လုပ်ကိုင်သူ ၂ ဦး၊ ယာလုပ်ကိုင်သူ ၁၈ ဦး၊ ကိုင်းလုပ်ကိုင်သူ ၂၁ ဦးဖြစ်၍ လယ် ၆.၃၃ ဧက၊ ယာ ၈၇.၁၂ ဧက၊ ကိုင်း ၁၁၁.၁၇ ရှိပြီး စုစုပေါင်း၂၀၅.၆၂ ဧကရှိကြောင်း ကိုင်းမကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်လင်းထံမှ သိရသည်။

အဆိုပါ ဧကပေါင်း ၂၀၅.၆၂ ဧကထဲမှ စပါးမျိုး ၁၀ တင်း၊ နှမ်း ၂၄၉.၁၀ ပြည်၊ မြေပဲတင်း ၃၀၊ ပဲတီစိမ်း ၁၆၈ ပြည်တို့ကို မျိုးလိုအပ် ချက်အတွက် တင်ပြတောင်းခံထားကြောင်း မင်းဘူး(စကု)မြို့နယ် စိုက်ပျိုးရေးဦးစီး ဌာနမှ လ/ထ ဦးစီးမှူး ဦးဇော်မင်းသူထံမှ သိရ သည်။

ဇေယျာထက်(မင်းဘူး)