နတ်တလင်း မတ်၂၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသော လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေမှု အခြေအနေကြောင့် မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင် နိုင်ရေးအတွက် အသိပညာပေး ကြေညာခြင်း လုပ်ငန်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့တွင်း လမ်းတစ်လျှောက် လူစည်ကားရာနေရာများ၊ ဈေးများ၊ လမ်းဆုံလမ်းခွများတွင် ဆောင်ရွက်ခဲ့သည်။
မုန်တိုင်းငယ် သတိပေးချက်အား အသိပေးနှိုးဆော်ရာတွင်လည်း မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက မုန်တိုင်းမဖြစ်စဉ် ကြိုတင်ပြင်ဆင်ရန် အချက်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန် အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ် အချိန်တွင် လိုက်နာရန် အချက်များ၊ ရှောင်ရှားရန် အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန် အချက်များ၊ ရှောင်ရှားသင့်သည့် အချက်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုများဖြင့် အသံချဲ့စက်ဖြင့် လှည့်လည်အသိပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။
ဝေယံဖြိုး