ကျိုက်မရော မတ် ၂၁
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် တပ်ဖွဲ့ဝင်များဖြင့် အသင့်စုဖွဲ့ခြင်း လုပ်ငန်းများနှင့် ကြိုတင်ဇတ်တိုက်ခြင်း လုပ်ငန်းများကို ယမန်နေ့ နေ့လယ်ပိုင်းမှစ၍ ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားရှိကြောင်း သိရသည်။
ကျိုက်မရော မြို့နယ်မီးသတ် ဦးစီးဌာနအနေဖြင့် ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြု ပစ္စည်းများဖြင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားသည့် သဘာဝဘေးကျရောက်ပါကလည်း ပြည်သူများအား ရှာဖွေ ကယ်ဆယ်နိုင်ရန်အတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခြင်းနှင့် သဘာဝဘေး အန္တရာယ်များ ဖြစ်သော မီးဘေး၊ ငလျင်ဘေး၊ မုန်တိုင်းဘေး ကျရောက်ပါက အချိန်မီရှာဖွေကယ်ဆယ်နိုင်ရေးနှင့် ကူညီရေး လုပ်ငန်းအား ဆောင်ရွက်နိုင်ရန်အတွက် တပ်ဖွဲ့ဝင်များအား အသင့်စုဖွဲ့ထားရှိခြင်း လုပ်ငန်းများအား ကြိုတင်ပြင်ဆင် စီမံထားရှိပြီးဖြစ်ကြောင်း မြို့နယ်မီးသတ် ဦးစီးအရာရှိ ဦးတင်သောင်းဦးထံမှ သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)