ပေါင်းတည် မတ် ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်းရှိ မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများသို့ သွားရောက်ပြီး မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေး လှည့်လည်အသိပေးနှိုးဆော်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြိုနယ်ပြန်/ဆက်ဦးစီးဌာနတို့ပူးပေါင်းပြီး ယမန်နေ့ညနေပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆောင်ရွက်ရာတွင် မုန်တိုင်ငယ်(Depression) လက်ရှိအခြေအနေမှာ မတ်လ၂၀ရက်မှ မတ်လ ၂၅ ရက်နေ့အထိ မြန်မာနိုင်ငံသို့ ဦးတည်ရွေ့လျားမည်ဖြစ်၍ လိမ္မော်ရောင်အဆင့် သတ်မှတ်ကြောင်း၊ အဆိုပါမုန်တိုင်းငယ်သည် ၂၄ နာရီအတွင်းအား ကောင်းလာပြီး ၃၆နာရီတွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲလာနိုင်သည်ဟု ခန့်မှန်းရကြောင်း၊ မုန်တိုင်း တိုက်ခတ်မှုအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းများတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်လာနိုင်သည့်အတွက် သတိပြုနေထိုင်ရန်လိုအပ်ကြောင်း၊ ရိပ်သိမ်းပြီးသော ကောက်ပဲသီးနှံများ လုံခြုံစွာထုတ်ပိုးထားရန်၊ သက်ဆိုင်ရာဌာနမှ ထုတ်ပြန်ထားသည့် မုန်တိုင်းသတိပေးချက်များအား လိုက်နာရန်တို့ကို အသိပေးကြေညာခဲ့ပြီး အကယ်၍ မုန်တိုင်းအန္တရာယ်ကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်ရန် အသင့်စုဖွဲ့လေ့ကျင့်ခြင်းများကို မီးသတ်ဦးစီးဌာနရုံးရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေးအေးဆင့် (ပြန်/ဆက်)