မောင်တော မတ် ၂၁
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကျောက်ပန္ဒူကျေးရွာတွင် လာရောက်နေထိုင်ကြသော စစ်ဘေးရှောင် မြိုတိုင်းရင်းသားများအား ဆန်နှင့် ထောက်ပံ့ငွေများပေးအပ်ကို ယမန်နေ့ညနေပိုင်းက ပေးအပ်ခဲ့ကြောင်းသိရသည်။
မောင်တောမြို့နယ်၊ ကျောက်ပန္ဒူကျေးရွာအုပ်စု၊ ကျောက်ပန္ဒူအရှေ့ကွင်းတွင် မြိုတိုင်းရင်းသား အိမ်ထောင်စု(၁၅၀)စုအား နေရာချထားနိုင်ရေးအတွက် ယခုအခါ မြေနေရာရှင်းလင်း ဆောင်ရွက်ခဲ့ပြီးဖြစ်ရာ ပထမအသုတ်အဖြစ် ပုဏ္ဏားကျွန်း မြို့နယ်မှ စစ်ဘေးရှောင် မြိုတိုင်းရင်းသား အိမ်ထောင်စု (၂၉)စု၊ အမျိုသား ၈၀ ဦး၊ အမျိုးသမီး ၉၀ ဦး စုစု ပေါင်း ၁၇၀ ဦးတို့မှ လာရောက်နေထိုင်လျက်ရှိသဖြင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး ဦးဆောင်သော အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များက သွားရောက်တွေ့ဆုံ အားပေးပြီး အဆိုပါ အိမ်ထောင်စု(၂၉)စုမှ မိသားစုများ၏ လတ်တလော စားဝတ်နေရေး အဆင်ပြေ ချောမွေ့စေရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဆန်(၂၄)ပြည့် အိတ်(၄)အိတ်၊ ကုလားအုပ်ခေါက်ဆွဲ(၃)ဖာ၊ ငွေကျပ် ၂ သိန်းနှင့် နေအိမ်များ ဆောက်လုပ်ခြင်းမပြုမှီ ကာလအတွင်း နေထိုင်မှု အဆင်ပြေချောမွေ့စေရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယာယီ ရွက်ဖျင်တဲ (၂၀)လုံးအား အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)