မိုးမိတ် မတ် ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ယနေ့နံနက် ၁၀ နာရီခွဲ အချိန်က လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အဖြစ် ကျောင်းသား၊ကျောင်းသူ လူငယ်များ အကျင့်စာရိတ္တ ကောင်းမွန်ရေး နှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်ရေး ကျန်းမာကြံခိုင်စေရေးရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့က အသိညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းမြလေးမှ မိတ်ဆက်အမှာစကားပြောကြားခဲ့ပြီး အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းမောင်က ကျန်းမာရေးကဏ္ဏ၏ အရေးကြီးပုံနှင့် နွေရာသီကျောင်းပိတ်ရက်တွင် အားကစားသင်တန်းများ ဖွင့်လှစ်ပို့ချမည် ဖြစ်သဖြင့် မိမိတို့ဝါသနာပါရာအလိုက် သင်တန်းများကို တက်ရောက်နိုင်ပါကြောင်းနှင့် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နေမျိုးပိုင်းက ကျောင်းသား၊ ကျောင်းသူ လူငယ်များ ဗလငါးတန်ဖြင့်ပြည်စုံစေပြီး နောင်အနာဂတ်ရဲ့ နိုင်ငံသားကောင်း၊ သမီးကောင်းများစွာ ပေါ်ထွန်းစေရန်အတွက် မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြတ်ရေးနှင့် အကျင့်စာရိတ္တကောင်းမွန်ရေးအကြောင်းနှင့် အသီးသီးဟောပြောခဲ့ကြသည်။
အဆိုပါ လူငယ်ဘက်စုံဖွံ့ဖြိုးရေး အသိပညာပေးဟောပြောပွဲသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ခဲ့ပြီး(၇၇) နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ်အကြို သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။
စည်သူဌေး