(၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲကျင်းပ

မံစီ မတ် ၂၁

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ မတ်လ ၁၇ ရက်နေ့ နံနက် ၁၀ နာရီမှ နေ့လည် ၁၂ နာရီအထိ (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စာအုပ်စာစောင်ပြပွဲကို ပြည်သူများ၊ ကျောင်းသား ကျောင်းသူများ မြန်မာ့သမိုင်း စာအုပ်များကို လေ့လာဖတ်ရှုပြီး တပ်မတော်နေ့ဖြစ်ပေါ်လာပုံကို သိရှိစေရန်၊ မိမိတို့နိုင်ငံ၏ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၏ တန်ဖိုးကိုသိရှိပြီး မျိုးချစ်စိတ်ဓါတ်များ တိုးပွားလာစေရန်၊ စာကြည့်တိုက်က်များကို ပိုမိုအသုံးချတတ်လာပြီး စာပေများကို လေ့လာဖတ်ရှုကာ စာပေအသိပညာဗဟုသုတများ မြှင့်မားလာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း၊ စာအုပ်စာစောင်ပြပွဲတွင် တပ်မတော်နေ့အကြောင်းနှင့် ပတ်သက်သည့် စာအုပ်များ၊ မြန်မာ့သမိုင်း စာအုပ်များနှင့် အသိပညာဗဟုသုတများစွာ ရရှိစေမည့် အခြား သုတ၊ ရသ စာအုပ် စာစောင်များကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)