သုံးခွမြိုနယ်တွင် သဘာဝဘေးအန္တရာယ်ကြုံတွေ့လာပါက အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန် မီးသတ်ဦးစီးဌာနမှ ဇာတ်တိုက်လေ့ကျင့်

သုံးခွ မတ် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြိုနယ်တွင် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ရှာ‌ဖွေကယ်ဆယ်‌ရေး လုပ်ငန်းများအချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် မြိုနယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယမန်နေ့နံနက် ၁၀နာရီ အချိန်က မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်သည်။

ယင်းသို့ဆောင်ရွက်ရာတွင် သုံးခွမြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးတင်မျိုးလွင် ဦးဆောင်၍  သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ပစ္စည်းများအား အချိန်နှင့်တပြေးညီကူညီဆောင်ရွက်နိုင်ရန်နှင့် ဆုံးရှုံးမှုတန် ဖိုးနည်းနိုင်သမျှနည်းစေရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းဖြစ်ပြီး အရေးပေါ်ရှာဖွေရေးလုပ်ငန်းတွင် အထောက် အကူ ပြုပစ္စည်းများဖြင့် သဘာဝဘေးအန္တရာယ်‌ကြောင့် ပျက်စီးအဆောက်အအုံရှိ လူများရှာဖွေကယ်ဆယ်ခြင်း၊ သစ်ပင်များ ပြိုလဲရာတွင် အချိန်နှင့်တစ်‌ပြေးညီ ကူညီကယ်ဆယ်နိုင်‌ရေး ဇာတ်တိုက်လေးကျင့်ခြင်းဖြစ်ပြီး မီးသတ်တပ်ဖွဲ့၀င် များအနေဖြင့် ငလျင်ဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြစ်ကမ်းပါးပြိုကျခြင်းနှင့် အခြားသဘာဝဘေးအန္တရာယ်များကြုံတွေ့ပါက အချိန်နှင့် တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရေးတို့ကို ဇာတ်တိုက်လေ့ကျင့်လျက်ရှိပြီး ရှာဖွေကယ်ဆယ်‌ရေး လုပ်ငန်းသုံးပစ္စည်းများအား အသင့်စုဖွဲ့ထားရှိကြောင်း သိရသည်။

စည်သူလင်း