မောင်တော မတ် ၂၁
အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့၏ ကနဦးလိုအပ်ချက် ဆန်းစစ် လေ့လာမှု အစီရင်ခံစာ (Preliminary Needs Assessment-PN)တွင် ပါဝင်သော အကြံပြုချက်များနှင့်အညီ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် အကောင်အထည်ဖော်ရေး အတွက် အာဆီယံနှင့် မြန်မာနိုင်ငံမှ သက်ဆိုင်ရာ ဝန်ကြီးဌာနများအကြား နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ၏ ပထမအဆင့် ဦးစားပေး စီမံကိန်း(၇)ခုအား အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း၌ မေယု FM ရေဒီယို အစီအစဉ်များကို ဖမ်းယူနားဆင်မှုနှင့်ပတ်သက်၍ ပရိသတ်၏ သဘောထား အမြင်များအား စစ်တမ်း ကောက်ယူခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်မှစတင်၍ မောင်တောမြို့ ၊ လသာရပ်ကွက်အတွင်း မြေပြင်ကွင်းဆင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မေယု FM ရေဒီယို နားထောင်မှုဆိုင်ရာ စစ်တမ်းကောက်ယူရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးဦးစိုးလွင် က မေယု FMရေဒီယို နားထောင်မှုဆိုင်ရာ စစ်တမ်းကောက်ယူခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မောင်တောခရိုင်ရုံးမှ ဝန်ထမ်းများက ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ မေယုFM ရေဒီယို နားထောင်မှုဆိုင်ရာ စစ်တမ်းများ ကောက်ယူခဲ့ပြီး၊ စစ်တမ်း ဖြည့်သွင်းသူများထံ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မေယုFM ရေဒီယိုနားထောင်မှုဆိုင်ရာ ပရိသတ်များ စစ်တမ်းများ ကောက်ယူရာတွင် မောင်တောမြို့၊ လသာရပ်ကွက်အတွင်းရှိ ပြည်သူ(၆၇၀)ဦးတို့က စစ်တမ်းဖြည့်သွင်းခဲ့ကြပြီး လသာ ရပ်ကွက်နေသူ ဦးရောဖီးလ်က မေယု FM ရေဒီယို နားဆင်ရခြင်းနှင့်ပတ်သက်၍ အသံများကြည်လင် ပြတ်သားမှုရှိပြီး ပြည်တွင်းသတင်းများ၊ နိုင်ငံတကာသတင်းများ၊ နေရပ်စွန့်ခွာသူများအား ပြန်လည် လက်ခံရေး ဆောင်ရွက် နေမှုသည့် သတင်း၊ ကိုဗစ်-၁၉ရောဂါအကြောင်း သိကြောင်းစရာများ၊ ကာကွယ်ဆေး ထိုးနှံပေးနေမှု အခြေအနေများအား၊ ကျန်းမာရေးဆိုင်ရာ သတင်းများ၊ ထုတ်လွှင့် နေမှုများသည် သတင်းများနှင့် သီချင်းများကြားညှပ်ကာ ထုတ်လွှင့်သည့်အတွက် မေယုFM ထုတ်လွှင့်မှုအား ကြိုက်နှစ်သက်ကြောင်း၊ တေးသီချင်းများကိုလည်း အများထုတ်လွှင့်စေလိုကြောင်း၊ မိုးလေဝသသတင်းများသည့် မိမိတို့အတွက် အကျိုးရှိကြောင်း၊ ဘေးအန္တရာယ်များဖြစ်ပေါ် လာနိုင်သည့်များကို ကြိုတင်ထုတ်လွှင့်ပေးခြင်းများ နှစ်သက်ကြောင်း၊ နိုင်ငံတော်အကြီးအကဲများ၏ လှုပ်ရှားမှုသတင်းများ၊ မိမိတို့မြို့နယ်အတွင်း လှုပ်ရှားမှု သတင်းများကို အစဉ်အမြဲနားထောင်ရ၍ ပိုနှစ်သက်ကြောင်း အကြံပြု ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)