မယ်စဲ့ မတ် ၂၁
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန္တာမြင့်က လူမှုဝန်ထမ်းဦးစီးဌာနက အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေသည့် လုပ်ငန်းစဉ်များ၊ အမျိုးသမီးများ စွမ်းဆောင်ရည်မြင့်မားစေရေးနှင့် လူနေမှုအဆင့်အတန်း မြင့်မားစေရေးအတွက် အလုပ်အကိုင်အခွင့်အလမ်း ရရှိစေပြီး မိသားစုဝင်ငွေတိုးပွားစေရေး ဆောင်ရွက်ပေးနေမှုအခြေအနေတို့ကို အွန်းလိုင်းမှတစ်ဆင့် ဆွေးနွေးခဲ့သည်။
မယ်စဲ့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ယနေ့ခေတ် လူငယ်လူရွယ်များ ဘက်စုံအရည်အသွေး မြင့်မားစေရေးအတွက် လူငယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)