ပေါက်ခေါင်းမြို့၌ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသင့်ထားရှိ

ပေါက်ခေါင်း မတ် ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် မီးသတ်ဦးစီးဌာနရုံးတွင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်အတွက် ရှာဖွေကယ်ဆယ်ရေး အဖွဲ့များ အသင့်စုဖွဲ့ထားရှိလျက်ရှိကြောင်း သိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန သတင်းထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) အရှိန်ကြောင့် ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်း မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ (မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်း တိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ သစ်ပင်ပြိုလဲခြင်း) နှင့် အခြားသော သဘာဝဘေး အန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အလျင် အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲမင်းသန်း ဦးဆောင်၍ မြို့နယ်မီးသတ် ဦးစီးမှူးရုံး/စခန်းနှင့် နယ်မြေမီးသတ်စခန်းများရှိ အရာရှိ(၃)ဦး၊ တပ်ဖွဲ့ဝင်အင်အား (၃၂)ဦးနှင့် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းကိရိယာများ အသင့်စုဖွဲ့ထားရှိကြောင်းနှင့် မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် များ ဖြစ်ပွားပေါ်ပေါက်လာပါက မြို့နယ်မီးသတ်ဦးစီးမှူးရုံးသို့ ဆက်သွယ် အကူအညီ တောင်းခံနိုင်ပါကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

သန်းထွန်းအောင်