ငါးသိုင်းချောင်း မတ် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယမန်နေ့ မွန်းလွဲပိုင်းက ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) ရေကြည်မြို့နယ်ရုံးခွဲမှ ငါးသိုင်းချောင်းမြို့ရှိ မသန်စွမ်းသူများ အား ထောက်ပံ့ခြင်း အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
ထောက်ပံ့ပွဲ၌ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) ရေကြည်မြို့နယ်ရုံးခွဲမှ တာဝန်ခံ ဦးမင်းဇော်ဦးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ငါးသိုင်းချောင်းမြို့ရှိ စားဝတ်နေရေး အခက်အခဲကြုံတွေ့နေရသော မသန်စွမ်းသူ(၈)ဦးကို တစ်ဦးလျှင် ထောက်ပံ့ငွေ (၂၅၀၀ဝိ/) ကျပ် ထောက်ပံ့ခြင်း၊ တွေ့ဆုံအားပေးစကားပြောကြားခြင်း၊ မသန်စွမ်းကလေးငယ်(၂)ဦးကို (Save the children)မှ ပံ့ပိုးကူညီသည့် သင်ထောက်ကူပစ္စည်းများ ပေးအပ်ခြင်းနှင့် လက်တွေ့ လေ့ကျင့်သင်ကြားပေးခြင်း အစီအစဉ်များကို ဆောင်ရွက်ပေးခဲ့ပြီး ယခုထောက်ပံ့သည့် အစီအစဉ်တွင် ရေကြည်မြို့နယ်အတွင်း မသန်စွမ်းဦးရေ (၃၀)ကို အိမ်တိုင်ရာရောက် ထောက်ပံ့ ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) ရေကြည်မြို့နယ်ရုံးခွဲမှ တာဝန်ခံ ဦးမင်းဇော်ဦးက ပြောကြားထားကြောင်း သိရှိရသည်။
စိုးမင်းဦး(ပြန်/ဆက်)