ဗဟန်းမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်

ရန်ကုန် မတ် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် ဗဟန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အိမ်ထောင်စုလူဦး​ရေစာရင်းနှင့် နိုင်ငံသားစိစစ်​ရေးကတ်ပြားများ ကွင်းဆင်း​ ဆောင်ရွက်​ပေးလျက်ရှိရာ ယ​နေ့ နံနက်ပိုင်းက ဗဟန်းမြို့နယ်၊ ဗိုလ်ချို(၁)ရပ်ကွက်၊ ငါးထပ်ကြီးဘုရားလမ်း၊ အင်ကြင်းမြိုင်အိမ်ရာတိုက် (၉) ရှိ ရပ်ကွက် အုပ်ချုပ်​ရေးမှူးရုံးတွင် ရပ်ကွက်​နေပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်း​ဆောင်ရွက်​ပေးခဲ့​ကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်း​ဆောင်ရွက်​ပေးရာတွင် ဗဟန်းမြို့နယ်လူဝင်မှုကြီးကြပ်​ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမြို့နယ် ဦးစီးမှူးဦး​အောင်ဝင်းနိုင်က နိုင်ငံသားကတ်အသုံးဝင်ပုံ၊ အသက်အရွယ်အလိုက် ကိုင်​ဆောင်လဲလှယ်ရခြင်း အကြောင်း နှင့် ဥပ​ဒေနှင့်ညီညွတ်မှုမရှိပါက အမြန်ဆုံး​ဆောင်ရွက်​ ပေးလျက်ရှိ​ကြောင်းပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိ​စေရန် ရှင်းလင်း ​ပြောကြားသည်။

ထို​နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အသက်(၁၀)နှစ်ပြည့် နိုင်ငံသားကတ်​လျောက်ထားသူများ၊ အသက်(၁၈)နှစ်အထက် နိုင်ငံသားကတ်​လျောက်ထားသူများ၊ နိုင်ငံသားကတ် အသစ်လဲလှယ်​လျောက်ထားသူများအား နိုင်ငံသားကတ်ပြားများနှင့် အိမ်ထောင်စုစာရင်းများ​ ဆောင်ရွက်​ပေးခြင်းတို့ကို သတ်မှတ်စည်းကမ်းများ နှင့်အညီ ဆောင်ရွက်​ပေးကြသည်။

ထိုသို့ ပန်းခင်းစီမံချက်ဖြင့် အိမ်​ထောင်စုလူဦး​ရေစာရင်းနှင့် နိုင်ငံသားစိစစ်​ရေးကတ်ပြားများ ကွင်းဆင်း​ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဋ္ဌ ဦး​အောင်ကိုလတ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အ​ထွေ​​ထွေအုပ်ချုပ်​ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ဌာနဆိုင်ရာ များမှတာဝန်ရှိသူများနှင့်ရပ်ကွက် အုပ်ချုပ်​ရေးမှူးတို့က လာ​ရောက်​ဆောင်ရွက်​နေ​သော ရပ်ကွက်​နေပြည် သူများအား အဆင်​ပြေ​ချော​မွေ့​စေရန် ဝိုင်းဝန်းကူညီ​ခဲ့ကြ​ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)