ဝမ်းတွင်းမြို့နယ်တွင်သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်

ဝမ်းတွင်း မတ် ၃၀

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်(၉)နာရီ အချိန်က မေလလာ မီးသတ်စခန်းတွင်ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဝမ်းတွင်းမြို့နယ်အတွင်း သဘာဝဘေး အန္တရာယ်နှင့် ငလျင်ဘေးဘေးအန္တရာယ် ကျရောက်လာပါက တုံ့ပြန်ကူညီကယ်ဆယ်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ် မီးသတ်ဦးစီးမှူး ဦးစိုးထွန်းဦးဆောင် ၍တပ်ဖွဲ့ဝင်များက သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ သဘာဝဘေး အန္တရာယ် ကယ်ဆယ်ရေးများ ဆောင်ရွက်ရာ တွင်အဆောက်အဦးအတွင်း ငလျင်ကြောင့်ပြိုကျ ပျက်ဆီး၍ ထိခိုက်ဒဏ်ရာရရှိသူ၊ သေဆုံး သူများအားရှာဖွေကယ်ဆယ်ရေး ပစ္စည်းများအသုံးပြု၍ ရှာဖွေကယ်ဆယ်ခြင်းများ ဆောင်ရွက်ခြင်း၊အုတ်၊ ကျောက်တုံးများအကြားပိတ်မိနေသော လူနာများအား ကယ်ဆယ် ရွှေ့ထုတ်ခြင်း၊ ဆီးမီးလောင်မှု့တို့အား ငြိမ်းသတ်ခြင်းစသည့် ကယ်ဆယ်ရေးလုပ်ငန်းများကို သန္တေတပ်ဖွဲ့ဝင်(၂၅)ဦး၊ အရန်တပ်ဖွဲ့ဝင်(၁၀)ဦးတို့မှ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်းသိရသည်။ ယခုလိုသဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးဇာတ်တိုက် လေ့ကျင့်ခြင်းဖြင့် သဘာဝဘေးအန္တရာယ်များဖြစ်သည့် မီးဘေး၊ငလျင်ဘေး၊ မုန်တိုင်းဘေး စသည့်ဘေးအန္တရာယ်ကျရောက်လာပါက အချိန်မှီရှာဖွေကယ်ဆယ်ကူညီနိုင်ရေးအတွက် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ် ကြောင်းမြိုနယ်မီးသတ် ဦးစီးမှူး ဦးစိုးထွန်းထံမှ သိရသည်။

အဆိုပါသဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားသို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးဦးနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသောဌာန ဆိုင်ရာအကြီးအကဲများ၊မြို့နယ်မီးသတ်ဦးစီးမှုးဦးစိုးထွန်းနှင့်သန္တေတပ်ဖွဲ့ဝင်(၂၅)ဦး၊အရန်တပ်ဖွဲ့ဝင်(၁၀)ဦး တို့တက်ရောက်ခဲ့ကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)