ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီပေးရေး လုပ်ငန်းကော်မတီ အရောင်းစာရေး သင်တန်းဆင်းပွဲကျင်းပ

မော်လမြိုင် မတ် ၃၀

မွန်ပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီနှင့် မေယုသံလွင် ကုမ္ပဏီလီမီတက်တို့ ပူးပေါင်း၍ အရောင်းစာရေး သင်တန်းဆင်းပွဲ အခမ်းအနားကို ရာမညကုန်သွယ်မှု ဗဟိုဌာန၌ ယမန်နေ့က ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာ၀န်ကြီး တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာ၀န်ကြီး ဦးမြတ်သွင်က အဖွင့်အမှာစကား ပြောကြားရာတွင် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ အဖွဲ့အစည်း ပြင်ဆင်ဖွဲ့စည်းမှု အခြေအနေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စတင်တာ၀န်ယူသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မှုများ၊ အရောင်းစာရေးသင်တန်း ဖွင့်လှစ်ရခြင်းကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ၊ သင်တန်းသားများအနေဖြင့် သင်တန်းမှ သင်ယူတတ်မြောက် သည့် ပညာရပ်များကို လက်တွေ့နယ်ပယ်တွင် အရည်အသွေး ပြည့်၀သည့် အရောင်းစာရေး များဖြစ်၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားထားရသော ကျွမ်းကျင်လုပ်သားများ ဖြစ်စေလိုကြောင်း ပြောကြားခဲ့သည်။

ထိုနောက် မွန်ပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်း များ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ အရောင်းစာရေး သင်တန်းသား/သူများအား သင်တန်း ဆင်းလက်မှတ်များကို တာ၀န်ရှိသူများက အသီးသီးပေးအပ်ခဲ့ပြီး အမှတ်တရ စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်