ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ဝမ်းတွင်း မတ် ၃၀

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာများရှိ အသက်(၆၅)နှစ် အထက်ရှိသူများနှင့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခြင်းများကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာစုရပ်များနှင့် မြို့အဝင်ဂိတ်တို့တွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယခုလို Covid- 19 ရောဂါကာကွယ်ဆေးများ ရပ်ကွက်/ကျေးရွာများအရောက် ထိုးနှံပေးခြင်း၊ သတ်မှတ်ထားသောစုရပ်များနှင့် မြို့အဝင်ဂိတ်တို့၌ ထိုးနှံပေးရာတွင် မြို့ပေါ် ရပ်ကွက်/ကျေးရွာအုပ်စုများရှိ အသက်(၆၅)နှစ်အထက်ရှိသူများ ၊ဒေသခံပြည်သူများအား ကိုဗစ်၁၉ရောဂါကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကိုယ်ရေးအချက်အလက်စာရင်းများ ရေးသွင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး သတ်မှတ်စည်းကမ်းများနှင့် ကိုက်ညီသူများကို ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပြီး ဝမ်းတွင်းမြို့နယ်အနေဖြင့် ယနေ့နံနက်တွင် First Doseအဖြစ် (၇၁၅)ဦး၊ SecondDoseအဖြစ်(၂၂)ဦး၊ ဒေသခံပြည်သူစုစုပေါင်း (၇၃၇)ဦးအား ကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဝမ်းတွင်မြို့နယ်အနေဖြင့် ကိုဗစ်၁၉ရောဂါကာကွယ်‌ဆေးများ ထိုးနှံပေးခြင်းများကို သတ်မှတ်ထားသော ကျေးရွာ၊စုရပ်များအလိုက် ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးလုပ်ငန်းများ အောင်မြင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးဦးနှင့် တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဌာနဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ စေတနာလုပ်အားရှင်များနှင့် ဒေသခံပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)