နတ်မောက်မြို့နယ် န-ကျားထူးကျေးရွာတွင် တောင်သူပညာပေး သင်တန်းဖွင့်လှစ်

နတ်မောက် မတ် ၃၀

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ န-ကျားထူးကျေးရွာတွင် တောင်သူပညာပေး သင်တန်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီ အချိန်ခန့်က ကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်၌ ဖွင့်လှစ်ခဲ့သည်။

ရှေ့ဦးစွာ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှုး ဒေါ်စန္ဒာစိုး က တောင်သူများ စိုက်ပျိုးရေး နည်းစနစ်များ စိုက်နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်ရေး ဆွေးနွေး ပြောကြားခဲ့သည်။ 

နတ်မောက်မြို့နယ်တွင် ၂၀၂၁ -၂၀၂၂ နွေရာသီ နတ်မောက်ဆည်ရေသောက်မှ နွေစပါးဧက (၅၆၅) ဧက လျာထားသတ်မှတ် စိုက်ပျိုးသွားမည်ဖြစ်ပြီး နွေစပါးစိုက်ပျိုးမည့် ကျေးရွာများသို့ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဝန်ထမ်းများက တောင်သူပညာပေး သင်တန်းများဖွင့်လှစ်၍ နွေစပါး အထူးအထွက်နှုန်း တိုးတက်ရေး နည်းပညာများ ဖြန့်ဝေပို့ချလျက်ရှိရာ သင်းတန်းသို့ တောင်သူ(၃၀)ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။

သင်သင်းမြတ်