ဟိုပန် မတ် ၂၂
"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၊ မြို့မဈေးကြီး၌ အိုမီကရွန်အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုးများ ကြိုတင်ကာကွယ်နိုင်ရန် ဌာနဆိုင်ရာဝန်ထမ်းများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ယမန်နေ့နံနက်ပိုင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်၊ စည်းကမ်းချက်များကို အသံချဲ့စက်ဖြင့် အသိပညာပေးဆော်ဩရေး ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးဆော်ဩရေး ပြုလုပ်ဆောင်ရွက်ရာတွင် ဟိုပန်မြို့နယ်၊ စည်ပင်သာယာရေးဌာနမှ ဉီးနိုင်မျိုးဉီးနှင့် ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဝန်ထမ်းများနှင့် ဟိုပန်မြို့ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ မြို့မဈေးသို့ လာရောက်၍ ဈေးရောင်းချသည့် ဈေးရောင်းဈေးဝယ်သူများအား အိုမီကရွန် အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုးများ ကြိုတင်ကာကွယ်နိုင်ရန် ၎င်းတို့အား နှာခေါင်းစည်း(Mask)များ စနစ်တကျ တပ်ဆင်ပြီးမှသာ ဈေးရောင်းဈေးဝယ် ပြုလုပ်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား အကြိမ်ပြည့် ထိုးနှံကြရန်၊ လက်ကို စက္ကန့်နှစ်ဆယ်ကြာ အောင်ဆေးကြောရန်၊ ရောဂါပိုး ကူးစက်ခံထားရ သည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ အမြန်ဆုံးသွားရောက်၍ ကျန်းမာရေး စစ်ဆေးမှုများ စနစ်တကျခံယူကြရန်၊ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်၊ စည်းကမ်းချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ကြရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန်စသည့်အချက်များကို ဈေးထိပ်နှင့် ဈေးအတွင်းများသို့ လှည့်လည်ပြီး အသံချဲ့စက်ဖြင့် လိုက်လံ၍ အသိပညာပေး နှိုးဆော်ခဲ့ကြသည်။
ထို့အပြင် နှာခေါင်းစည်း(Mask) တပ်ဆင်ထားခြင်းမရှိသည့် ဈေးရောင်း၊ ဈေးဝယ် ပြည်သူများအား အသိပညာပေးရေး ပူးပေါင်းအဖွဲ့က နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)