ရွှေတောင်မြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် နံရံကပ် စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ရွှေတောင် မတ် ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် နံရံကပ် စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟုဌာန (Community Centre) ခန်းမ၌ ယမန်နေ့  နံနက်ပိုင်းက ကျင်းပပြုလုပ်​သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းသန့်မှ (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ ဉာဏ်ရည် ဉာဏ်သွေးထက်မြက်လာ‌စေရန်၊ အထိမ်းအမှတ်နေ့ထူးနေ့မြတ်များကို သိရှိနိုင်စေရန်၊ စာအုပ်စာစောင်များကို ဖတ်ရှု လေ့လာမှတ်သားတတ်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး တက်ရောက်လာသော ပြည်သူများနှင့် ကျောင်းသားကျောင်းသူလေးများက စာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်စာ‌စောင်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။

ကိုကိုမင်း