ပိုင်ကျုံမြို့ နောင်ဘိုကြီးကျေးရွာအုပ်စု ‌ နောင်ဘိုကြီးမူကြိုကျောင်း၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး

ပိုင်ကျုံ   မတ် ၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင် စေရန်နှင့်ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို  လျှော့နည်းစေရန်ရည်ရွယ်၍   ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ဆေးထိုးနှံ​ပေးလျက်ရှိသည်။

ပိုင်ကျုံမြို့အတွင်းရှိ သံဃာတော်များ၊ အသက်(၁၈)နှစ်အထက် ဒေသနေပြည်သူများ၊ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် နိုင်ငံ့ဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့ဝင်များကို ဦးစားပေး အစီအစဉ်ဖြင့် ထိုးနှံပေးခဲ့ပြီး ကာကွယ် ဆေးထိုးရန် ကျန်ရှိနေသေးသည့် မြို့နှင့်အလှမ်းဝေးသောကျေးရွာများသို့    ဖေဖော်ဝါရီလ ၂၀ ရက် နေ့မှစတင်၍    ကွင်းဆင်းထိုးနှံ‌ပေးခဲ့ကြောင်း၊‌ဆေးထိုးစုရပ်ဖြစ်သည့် နောင်ဘိုကြီးကျေးရွာမူကြိုကျောင်းတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံနိုင်ရေးအတွက် မတ်လ ၂၁ ရက်နေ့တွင်  ကွင်းဆင်း၍ ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။

ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးသက်နိုင်စိုးဦးဆောင်ပြီး ကျန်းမာ ရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများတို့က  ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင် ချိန် တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ပိုင်ကျုံမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာမှ မြို့အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံရာတွင် အဆင်ပြေလွယ်ကူစေရန်အတွက်  ပူးပေါင်းပါဝင်   ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။

နော်ခူး(ပြန်/ဆက်)