ပန်းတောင်း မတ် ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေး ရှာဖွေကယ်ဆယ်ရေး အဖွဲ့များ ယမန်နေ့ နံနက်ပိုင်းပိုင်းမှစ၍ အသင့်စုဖွဲ့ထားရှိကြောင်း သိရသည်။
မီးသတ်ဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်များဖြစ်သော မီးဘေး၊ ရေဘေး၊ ငလျင်ဘေး၊ မုန်တိုင်းဘေး ကျရောက်ပါကအချိန်မီ ရှာဖွေကယ်ဆယ်ရေးနှင့် ကူညီရေးလုပ်ငန်းများအား ဆောင်ရွက်နိုင်စေရန်အတွက် တပ်ဖွဲ့ဝင်များ၊ ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြု ပစ္စည်းများဖြင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိသည့်အပြင် သဘာဝဘေး ကျရောက်ပါကလည်း ရှာဖွေ ကယ်ဆယ်နိုင်ရန်အတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းများကိုလည်း ဆောင်ရွက်လျက် ရှိကြောင်း မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးကိုကိုဝေဟိန်းထံမှ သိရသည်။
သင်းသင်းအေး