မိုင်းလုံမြို့၌ ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ဆောင်ရွက်

မိုင်းလုံ  မတ် ၂၂

ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုက်နယ်ကျန်းမာရေး ဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါကြိုတင်ကာကွယ်‌ရေး အသိပညာ‌ပေး (Talk Show) ကို ယမန်‌နေ့က လူထု အခြေပြုဗဟိုဌာန   ( Community  Centre)  ခန်းမ၌  ဆောင်ရွက်ခဲ့သည်။

အဆိုပါ  (Talk Show)တွင် တိုက်နယ်ကျန်းမာရေးဌာနမှ ကျန်းမာရေးကြီးကြပ်(၁) ဦးမြစိုးက  ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်ရောဂါသည် အမျိုးအစား BA1BA2 ဆိုပြီးခွဲထားပါတယ်။ ကူးစက်နှုန်းပိုလျင်မြန်ပြီး အဆ(၇၀)ကူးစက်နိုင်ပါတယ်။ ရောဂါပိုးဝင်ပြီး နှစ်ရက် သုံးရက်မှ ရောဂါလက္ခဏာပြပါတယ်။ အဖြစ်များတဲ့ လက္ခဏာ ကတော့ နှာချေခြင်း၊ နှာရည်ယိုခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း အဖြစ်များပါတယ်။ ရောဂါ ကာကွယ်ရမည့်နည်းလမ်းတွေကတော့ လူစုလူဝေးကိုရှောင်ပါ၊ အပြင်ထွက်တိုင်း နှာခေါင်းစည်းတပ်ပါ၊ ပစ္စည်းများ ကိုင်ပြီးတိုင်း အပြင်းမှပြန်ရောက်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် ‌ဆေးပါ၊ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာနေပါ၊ ကိုဗစ်ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးပါ၊ အဟာရပြည့်ဝသော အစားအစာများကို ပြည့်ဝစွာစားသုံးပါ၊ ဖြစ်ပွားလာမှ ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းသည် ‌အကောင်းဆုံးဖြစ်ကြောင်းကို ဆွေးနွေးခဲ့ကြောင်းသိရသည်။   

ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဦးဌေးလင်းဇော်က ယခုလို အသိပညာပေး(Talk Show) များကို မိုင်းလုံမြို့ ပြည်သူ့စာကြည့်တိုက်တွင်တစ်လတစ်ကြိမ် လစဉ်ဆောင်ရွက်ပေးပြီး မိုင်းလုံမြို့ ပြည်သူ့စာကြည့်တိုက် Page နှင့် IPRD Monglong Pageတို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းပြောကြားခဲ့သည်။

ဇော်ဇော်