မြန်အောင်မြို့နယ်၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

မြန်အောင် မတ် ၂၂

အားကောင်းသောမုန်တိုင်းငယ် (Deep Depression)၏ လက်ရှိအခြေအနေမှာ မုန်တိုင်း၏ အဝန်းအဝိုင်းသည် မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီးကို ဟိုင်းကြီးကျွန်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည့် အခြေအနေဖြစ်ပါသဖြင့် အနီရောင်အဆင့်ဟု သတ်မှတ်ပါသည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အားကောင်းသောမုန်တိုင်းငယ် သတိပေးချက် အမှတ်စဉ်(၁၅/၂၀၂၂) (၂၀၂၂ ခုနှစ်၊ မတ်လ (၂၂)ရက်နေ့ မြန်မာစံတော်ချိန် (၀၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ထုတ်ပြန်ထားကြောင်း သိရှိရသည်။

မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများကို ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၌ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညက မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဦးဆောင်မှုဖြင့် မုန်တိုင်းအန္တရာယ် သိရှိနိုင်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် တာဝန်ရှိသူများက ရပ်ကွက် ကျေးရွာများအတွင်း လိုက်လံအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝင်းဗိုလ်