သတင်းများ

ကျောက်ပန်းတောင်းမြို့နယ် လေးရွာအခြေခံပညာ အထက်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာ ပေး ဟောပြောပွဲပြုလုပ်
Mar 22,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် လေးရွာအခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့မွန်း တည့် (၁၂) နာရီက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို၊ အဆိုပါကျောင်းရှိ စုဝေးခန်းမ တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
တာချီလိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အခြေခံမဲစာရင်းများ ပြည့်စုံမှန်ကန်ရေး မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင် စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက် ဖွင့်ပွဲအခမ်းအနားကျင်းပ
Mar 22,2022
တာချီလိတ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အခြေခံမဲစာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင် လူဦးရေ စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ က တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ကျင်းပသည်။
သံတောင်ကြီးမြို့နယ် မြသာကုန်းကျေးရွာတွင် ကျေးလက်ရေရှိရေးလုပ်ငန်းအတွက် ရေပိုက်လမ်း သွယ်တန်းမှု ဆောင်ရွက်ပြီးစီး
Mar 22,2022
ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁ -၂၀၂၂ ခု ဘဏ္ဍာရေး နှစ်  ပြည်ထောင်စု(မူလ)ရန်ပုံငွေဖြင့် ကျေးလက်ရေရှိရေးလုပ်ငန်း ဆောင်ရွက်သည့် ကျမိုင်းကျေးရွာအုပ်စု၊ မြသာကုန်းကျေးရွာတွင် ကျေးလက်ရေရရှိရေး လုပ်ငန်းဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ စေတနာ့၀န်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Mar 22,2022
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး‌ကော်မတီ စေတနာ့၀န်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ အချိန်က ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
လှည်းကူးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (Book Club) အဖွဲ့ဝင်များနှင့်စာဖတ်ဝိုင်း ကျင်းပ
Mar 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့မွန်းလွဲ(၃) နာရီက စာပေချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး စာရေးဆရာမ ခင်စောတင့်ရေးသားသည့်“ဆယ်ကျော်သက်များနှင့် စကားပြောခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်းသိရသည်။
တံတားဦးမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
Mar 22,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယမန်နေ့မွန်းလွဲ(၃)နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်း ကျောင်း ရတနာထွန်းခန်းမတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ကြကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို သရက်ချောင်းမြို့နယ်အတွင်းရှိ ဝင်းဝဓာတ်အားခွဲရုံသစ် ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
Mar 22,2022
၂၀၂၂ခုနှစ်၊  မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့်  (၇၇)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ၃၃ကေဗွီ ဓာတ်အားလိုင်း( ၁၇ )မိုင် တည်ဆောက်ခြင်းနှင့် ၃၃/၁၁ကေဗွီ ၁၀ အမ်ဗွီအေ ဝင်းဝဓာတ်အားခွဲရုံသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဓာတ်အားခွဲရုံ၌ကျင်းပသည်။
ဟိုင်းကြီးကျွန်းမြို့တွင် မုန်တိုင်းဖြတ်ကျော်မည့် အခြေအနေနှင့် ပတ်သက်၍ သတိပေးကြေညာချက် များ လိုက်လံနှိုးဆော်
Mar 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် မုန်တိုင်းဖြတ်ကျော်မည့် အခြေအနေနှင့် ပတ်သက်၍ သတိပေးကြေငြာချက်များကို ယနေ့ နံနက်ပိုင်းက လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။