ဟိုင်းကြီးကျွန်းမြို့တွင် မုန်တိုင်းဖြတ်ကျော်မည့် အခြေအနေနှင့် ပတ်သက်၍ သတိပေးကြေညာချက် များ လိုက်လံနှိုးဆော်

ဟိုင်းကြီးကျွန်း မတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် မုန်တိုင်းဖြတ်ကျော်မည့် အခြေအနေနှင့် ပတ်သက်၍ သတိပေးကြေငြာချက်များကို ယနေ့ နံနက်ပိုင်းက လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

အားကောင်းသော မုန်တိုင်းငယ်သည် ဟိုင်းကြီးကျွန်းမြို့၏ တောင်- အနောက်တောင်ဘက်  ရေမိုင် (၅၅)မိုင်ခန့်အကွာတွင် ရောက်ရှိနေပြီး ယနေ့ နေ့လယ်ပိုင်းတွင် ဟိုင်းကြီးကျွန်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်သောကြောင့် ဟိုင်းကြီးကျွန်းမြို့နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများတွင် နေထိုင်သော ပြည်သူများ သတိပြုနေထိုင်ကြရန်နှင့် ပင်လယ်ပြင်သို့ ထွက်ခွာခြင်းမပြုရန်၊ မြေနိမ့် ဒေသများတွင် နေထိုင်ကြသူများ ကုန်းမြင့်ရေလွတ်ရာသို့ ချက်ချင်းပြောင်းရွေ့ကြရန်၊ မုန်တိုင်း သတိပေးနှိုးဆော်ချက်များကို အလေးထားလိုက်နာ ဆောင်ရွက်ကြရန် စသည်တို့ကို မြို့သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲရေး ကော်မတီမှ လမ်းကြိုလမ်းကြားများမကျန် မီးသတ်ယာဉ်များဖြင့် လိုက်လံသတိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

လှိုင်မျိုးအောင်(ပြန်/ဆက်)