အမ်းမြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံအသိပေးနှိုးဆော်
Mar 22,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး လိုက်လံအသိပေး နှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ အချိန်က မြို့နယ် ရဲတပ်ဖွဲ့၊ စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်း၊ မြို့နယ်စည်ပင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များရှိ ပင်လယ်ကမ်းခြေနှင့် နီးကပ်သည့် ရပ်ကွက်များနှင့် လူသွားလူလာများသည့် လမ်းဆုံ၊ လမ်းခွ နေရာများသို့ သွားရောက်ကာ လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြသည်။