သတင်းများ

မိုင်းငေါ့မြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေး
Mar 22,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ရှိ မြိုလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ မိုင်းငေါ့မြို့အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်လိုသူမျာကို ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့ နံနက် (၉) နာရီ အချိန်က ချုံး‌ကျေးရွာအုပ်စု မန်ဟွေ‌ရွာ၊ မန်ဝိန်းရွာ ၊နမ့်ဖစ်ရွာ ၊ချုံးသစ် ကျေးရွာ တွင် နေထိုင်သူ ပြည်သူများအား မြို့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးတွင် ဒုလဝကမှူး ဦးခမ်းရီက နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိနိုင်ရေးအတွက် ပြုလုပ်ဆောင်ရွက်ပေးခဲ့ပါသည်။
မိုးနဲမြို့နယ်၌ အငြိမ်းစားပင်စင်လစာငွေများ ဆက်လက်ထုတ်ပေး
Mar 22,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ၂၀၂၂ ခုနှစ် မတ်လ ၂၁ ရက်နေ့ မှစ၍ အငြိမ်းစားပင်စင် လစာငွေများကို ထုတ်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က အငြိမ်းစားပင်စင် လာရောက်ထုတ်ယူကြသူများကို ဆက်လက် ထုတ်ပေး လျက်ရှိကြောင်းသိရသည်။
စုကလိမြို့တွင် (၇၇) နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များအား အခမဲ့ဖြန့်ဝေ
Mar 22,2022
ကရင်ပြည်နယ်မြဝတီခရိုင်စုကလိမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မတ်လ ၂၇ ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ယနေ့နံနက်ပိုင်းတွင် စုကလိမြို့ပြည်သူများအား ဗဟုသုတရရှိစေရန် အလို့ဌာ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ရခိုင်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ၏ (၁/၂၀၂၂)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေး ကျင်းပ
Mar 22,2022
ရခိုင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ၏ (၁/၂၀၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဘားအံခရိုင် Community Centre တွင် စာဖတ်ဝိုင်းပြုလုပ်
Mar 22,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေ ပြုဗဟိုဌာန (Community Centre) ခန်းမ တွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များဖြင့် စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားထားသော “လူငယ်နှင့် ကြီးပွားရေး” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အခြေခံပညာအလယ်တန်းအဆင့် အဌမတန်းစာမေးပွဲဖြေဆိုနေမှု ကြည့်ရှုစစ်ဆေး
Mar 22,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် အခြေခံပညာအလယ်တန်းအဆင့် အဌမတန်းစာမေးပွဲဖြေဆိုနေမှုကို လွိုင်လင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များသည် လွိုင်လင် - ပင်လုံမြို့ရှိစာစ်ဌာနများသို့ ယနေ့နံနက် (၀၉::၃၀) နာရီက ကွင်းဆင်းစစ်ဆေးကြည့်ရှုအားပေးကြသည်။
မြန်အောင်မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်
Mar 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောင်းကုန်းမြို့နယ်တွင် မုန်တိုင်းသတိ‌ပေးချက်များအား ပြည်သူများသိရှိ‌စေရန် လှည့်လည်နှိုးဆော်
Mar 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယ‌မန်နေ့ မြန်မာစံတော်ချိန် (၁၇:၀၀)နာရီက ထုတ်ပြန်ထားသော မုန်တိုင်းသတိပေးချက်များကို ယမန်နေ့ညနေ ၆ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး လူစည်ကားရာနေရာများ၊ လမ်းဆုံလမ်းခွများ၊ ရပ်ကွက်များအတွင်းသို့ အသံချဲ့စက်များဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။