သတင်းများ

ကျိုက်လတ်၌ မုန်တိုင်းဖြစ်ပေါ်နေစဉ် ကာလအတွင်း လှေ၊ ကူတို့ သင်္ဘောများအား သတိပြု ဆင်ခြင်နိုင်ကြရန် သတိပေး‌ထုတ်ပြန်ချက်များ အသိပေးနှိုးဆော်
Mar 22,2022
အားကောင်းသော မုန်တိုင်းငယ် (Deep Depression) ၏ လက်ရှိအခြေအနေမှာ မုန်တိုင်း၏ အဝန်း အဝိုင်းသည်  မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီးကို ဟိုင်းကြီးကျွန်းမြို့အနီးမှ ဖြတ်ကျော်ဝင် ရောက်မည့် အခြေအနေဖြစ်ပါသဖြင့် အနီရောင်အဆင့်ဟု သတ်မှတ်ပါကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသောကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍  မုန်တိုင်းဖြစ်ပေါ်နေစဉ် ကာလအတွင်း လှေ၊ ကူတို့၊ သင်္ဘောများအား သတိပြုဆင်ခြင်နိုင်ကြရန် သတိပေးထုတ်ပြန်ချက် များအား ယနေ့ နံနက်ပိုင်းမှ စတင်၍ လူစည်ကားရာနေရာများနှင့် မြစ်ကမ်းတစ်လျှောက်တွင် အသံချဲ့စက်များဖြင့် လိုက်လံအသိပေးနှိုးဆော်လျက်ရှိသည်။
ငါန်းဇွန်မြို့၌ (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ဆုရကျောင်းသားကျောင်းသူများအား ဆုများချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Mar 22,2022
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့နံနက် ၁၀နာရီခွဲအချိန်က (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသားကျောင်းသူများအား ဆုများချီးမြှင့်ပေးအပ်ပွဲအခမ်းအနား ကျင်းပ သည်။
ကလောမြို့နယ်၌ (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 22,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်း များက ၂၀၂၂ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းအခြေခံပညာ အထက်‌တန်းကျောင်း၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်နေ ပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ဒေးဒရဲမြို့နယ်တွင် သဘာဝဘေးအန္တရာယ် အသိပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြိုနယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်ခန့်က လူစည်ကားရာနေရာများ၊ ဈေးများနှင့် မြစ်ကမ်းတစ်လျှောက် လိုက်လံနှိုးဆော်ခဲ့သည်။
ရသေ့တောင်မြို့နယ်အတွင်း မေယု FM ရေဒီယို ဖမ်းယူနားဆင်မှုဆိုင်ရာ စစ်တမ်းကောက်ယူ
Mar 22,2022
ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ရေး ဦးစားပေးစီမံကိန်းအရ ဘင်္ဂလီဘာသာစကား အသုံးပြုသူများအား မေယု FM ရေဒီယို (၄၅၀၀၀) လုံးအား ဖြန့်ဝေထားပြီးဖြစ်ရာ ၄င်းရေဒီယိုအစီအစဉ်များအား ဖမ်းယူနားဆင်မှုနှင့်ပတ်သက်၍ ပရိတ်သတ်၏ သဘောထားအမြင်များအား စစ်တမ်းကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ ရသေ့တောင်မြို့နယ် အနောက်ပြင်ကျေးရွာနှင့် ညောင်ပင်ကြီးကျေးရွာတို့တွင် ဆောင်ရွက်ခဲ့သည်။
ဟိုပန်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်
Mar 22,2022
ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အ​ခြေခံပညာဉီးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ ယမန်နေ့မွန်းလွဲပိုင်းက လူငယ်ရေးရာ အသိပညာပေး ဟောပြော ပွဲကို အထက(ဟိုပန်)၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် Quarantine Center (ဝမ်လုံး) အဆောက်အဦ ကြည့်ရှုစစ်ဆေး
Mar 22,2022
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက် (၇)နာရီခွဲက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်မှု အနေဖြင့် တာချီလိတ်ခရိုင်ရှိ Quarantine Center(ဝမ်လုံး) အဆောက်အဦအား သွားရောက် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက လိုအပ်သည်များ ဖြည့်စွက်မှာကြား၍ အဆောက်အဦအား လှည့်လည်ကြည့်ရှု စစ်ဆေးကြ ကြောင်း သိရသည်။
(၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ ပျော်ဘွယ်မြို့နယ်တွင် ကျင်းပပြုလုပ်
Mar 22,2022
(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ်ရုံး Community Centre ခန်းမတွင် မတ်လ(၂၂)ရက်၊ မွန်းလွဲ(၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။