ဖျာပုံမြို့နယ်တွင် အားကောင်းသော မုန်တိုင်းငယ်၏ သတိပေးချက်နှင့် ကြိုတင်ကာကွယ်နိုင်ရေး လိုက်လံအသိပေးနှိုးဆော်
Mar 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများသို့ မိုးလေဝသနှင့်ဇဗေဒညွှန်ကြားမှုဦးစီးဌာန၏ သတိပေးထုတ်ပြန်ချက်များအား ဖျာပုံခရိုင်/ မြို့နယ်သဘာဝဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် အားကောင်းသော မုန်တိုင်းငယ်၏ သတိပေးထုတ်ပြန်ချက်နှင့် ကြိုတင်ကာကွယ်နိုင်ရေး လိုက်လံအသိပေး နှိုးဆော်ခြင်းကို ယမန်နေ့ နံနက် (၈)နာရီအချိန်က မြို့နယ်အတွင်း လိုက်လံအသိပေး နှိုးဆော်ခဲ့ကြသည်။