တာချီလိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အခြေခံမဲစာရင်းများ ပြည့်စုံမှန်ကန်ရေး မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင် စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက် ဖွင့်ပွဲအခမ်းအနားကျင်းပ

တာချီလိတ် မတ်  ၂၂

တာချီလိတ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အခြေခံမဲစာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေ စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ က တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ကျင်းပသည်။

 အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ် အဆင့်ဌာန ဆိုင်ရာများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး များနှင့် ရာအိမ်မှူး များ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ် ထားသည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်အနက်  အမှတ်စဉ် (၁) ဖြစ်သည့် မဲစာရင်းများ စစ်ဆေးခြင်းအပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ပြီး အမှတ်စဉ်(၅)ဖြစ်သည့် အရေးပေါ်ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒ(၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရား မျှတသော  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင် ရွက်လျက်ရှိပါ ကြောင်း၊ တာချီလိတ်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ပုံစံ(၆၆)အရ ပြုစုထားသည့် လူဦးရေစာရင်းများကို ရပ်ကွက်၊ ကျေးရွာများ အတွင်း မြေပြင်တွင် အမှန်တကယ်နေထိုင်သည့် လူဦးရေ စာရင်းများနှင့် တိုက်ဆိုင်စစ်ဆေးမှုလုပ်ငန်းများကို မှန်မှန် ကန်ကန်နှင့် မြန်မြန်ဆန်ဆန်ပြီးစေရေးအတွက် သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မြေပြင်တွင် အမှန်တကယ်အခြေချနေထိုင်ပြီး ပုံစံ(၆၆)တွင် စာရင်းမပါရှိသူများ ပုံစံ(၆၆)တွင် စာရင်းပါရှိရေး ဉပဒေနှင့် အညီ သက်ဆိုင်ရာဌာနက ကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အခြေခံမဲစာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ၂၀၂၂ခုနှစ်၊ ဩဂုတ်လနှင့် ဒီဇင်ဘာလများတွင် ထပ်မံစစ်ဆေးပြီး ၂၀၂၃ခုနှစ်၊ မတ်လတွင်  နိုင်ငံရေးပါတီများအား ဖိတ်ခေါ်၍ အဆိုပါအခြေခံမဲစာရင်းများအား ချပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အခြေခံမဲစာရင်းများ ပြည့်စုံ မှန်ကန်ရေး မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက် လျက်ရှိကြောင်း၊ ကော်မရှင်အနေဖြင့် လာမည့်ရွေးကောက်ပွဲကို အချိုးကျ ရွေးကောက်ပွဲ စနစ်ဖြင့် ပြောင်းလဲ ကျင့်သုံး၍ ဘက်လိုက်မှုကင်းပြီး သန့်ရှင်းသော ရွေးကောက်ပွဲဖြစ်ရန်၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်တိုင်းကို ဥပဒေနှင့်အညီ  ကြိုတင် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည်  တာချီလိတ်ခရိုင်အတွင်း အခြေခံ မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေးစာရင်းနှင့် တိုက်ဆိုင် စစ်ဆေးနေမှုအား စစ်ဆေးကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်