သံတောင်ကြီး မတ် ၂၂
ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁ -၂၀၂၂ ခု ဘဏ္ဍာရေး နှစ် ပြည်ထောင်စု(မူလ)ရန်ပုံငွေဖြင့် ကျေးလက်ရေရှိရေးလုပ်ငန်း ဆောင်ရွက်သည့် ကျမိုင်းကျေးရွာအုပ်စု၊ မြသာကုန်းကျေးရွာတွင် ကျေးလက်ရေရရှိရေး လုပ်ငန်းဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။
ကျမိုင်းကျေးရွာအုပ်စု၊ မြသာကုန်းကျေးရွာတွင် ပြည်ထောင်စု(မူလ) ရန်ပုံငွေကျပ်သန်း (၉.၉၆၀၀) ဖြင့် Mega Dynamic ကုမ္မဏီမှ ဆောင်ရွက်ကာ ရေပိုက်လမ်း (၁)မိုင်သွယ်တန်းပြီးဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းထံက သိရသည်။
အဆိုပါ မြသာကုန်းကျေးရွာတွင် ရေပိုက်လမ်းသွယ်တန်းပြီးဖြစ်သည့်အတွက် အိမ်ခြေ (၂၁၈) အိမ် လူဦးရေ(၁၀၁၁)ဦးအတွက် များစွာအကျိုးကျေးဇူးရရှိစေကြောင်း သိရသည်။
နော်နော်မူ