လှည်းကူး မတ် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့မွန်းလွဲ(၃) နာရီက စာပေချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး စာရေးဆရာမ ခင်စောတင့်ရေးသားသည့်“ဆယ်ကျော်သက်များနှင့် စကားပြောခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးနွဲ့က စာဖတ်ဝိုင်း ကျင်းပပြုလုပ် ရခြင်း၏ရည်ရွယ်ချက်ကို ဦးစွာရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍(Book Club)အဖွဲ့ဝင်ဦးစိုးသူနှင့် ဒေါ်တင်တင်ထွေးတို့က ဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် အဖွဲ့ဝင်များကစာအုပ်ပါ အကြောင်းအရာ များကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ဝိုင်းများ၊ အသိပညာပေး ဆွေးနွေးပွဲများကို ဆောင်ရွက်ပေးခြင်းသည် စာဖတ်ပရိသတ်လူငယ်၊ လူရွယ်များ၊ ပြည်သူများစာဖတ်သည့် အလေ့အကျင့် အားကောင်း လာစေရန်၊ စာပေမှရရှိသည့် အသိပညာဖြင့် သူတစ်ပါးအား မျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)