သတင်းများ

နမ္မတူမြို့နယ် (IDP) စခန်း (၃) ခုရှိ တိုက်ပွဲရှောင်ပြည်သူများအား အခြေခံစားသောက်ကုန် (၄) မျိုး ထောက်ပံ့ ပေးအပ်
Mar 22,2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထာရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ နမ္မတူမြို့နယ် (IDP)စခန်း (၃)ခုရှိ တိုက်ပွဲရှောင်ပြည်သူများအား အခြေခံစားသောက်ကုန် (၄) မျိုး ထောက်ပံ့ပေးအပ်ခြင်းကို မတ်လ (၂၂) ရက်နေ့ နံနက် (၁၁) နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့လယ်ဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။
ကျောက်ကြီးမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ထုတ်ပေး
Mar 22,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ၏ ပင်စင်လစာငွေများကို ထုတ်ပေးလျက် ရှိကြောင်းသိရသည်။
ကျောက်ဖြူမြို့၌ မုန်တိုင်းအန္တရာယ်ကျရောက်လာပါက လျင်မြန်စွာတုံ့ပြန်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများ အဆင်သင့်စုဖွဲ့ ဆောင်ရွက်ထားရှိ
Mar 22,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မုန်တိုင်းအန္တရာယ်ကျရောက်လာပါက အရေးပေါ် ရှာဖွေ ကယ်ဆယ်မှုများအား လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများနှင့် တပ်ဖွဲ့ဝင်များအားအဆင်သင့်စု ဖွဲ့ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ဘိုကလေးမြို့နယ်တွင် မုန်တိုင်းအန္တရာယ် အသိပညာပေး လုပ်ငန်းများဆောင်ရွက်
Mar 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့ နံနက် (၁၁)နာရီ၌ ဘိုကလေးမြို့မဈေးကြီး ပတ်ဝန်းကျင်နှင့် ကမ်းနားလမ်းမ တစ်လျှောက် မုန်တိုင်းအန္တရာယ် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ကြသည်။
နမ္မတူမြို့နယ် နားမတ်ကျေးရွာရှိ မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံ
Mar 22,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် နားမတ်ကျေးရွာရှိ မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်းကို ယမန်နေ့တွင် နမ္မတူမြို့နယ်၊ နားမတ်ကျေးရွာသို့ ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရုံးဌာနများအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး
Mar 22,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရုံးဌာနများအား မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို မြို့နယ်မီးသတ် ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယမန်နေ့ ညနေပိုင်းက ကွင်းဆင်း ဆောင် ရွက်ခဲ့ကြသည်။
မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် နှစ်ဆုံးစာမေးပွဲများအား အေးချမ်းစွာ ဆက်လက်ဖြေဆို
Mar 22,2022
မိုင်းနောင်မြို့အခြေ ခံပညာအထက်တန်းကျောင်းတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အခြေခံပညာ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့်ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲကို ယနေ့နံနက် (၁၀)နာရီ အချိန်ထိ အေးချမ်းစွာ ဆက်လက်ဖြေဆို လျက်ရှိကြောင်းသိရှိရသည်။
မိုးနဲမြို့နယ် မိုးနဲ-ကင်တုံကျေးရွာ ဆက်သွယ်သောလမ်းရှိ တံတားတည်ဆောက်ပြီးစီးမှုအား ကြည့်ရှု စစ်ဆေး
Mar 22,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် မိုးနဲ-ကင်တုံကျေးရွာ ဆက်သွယ်သော လမ်းပေါ်ရှိ အရှည်ပေ ၄၀ ရှိသံကူကွန်ကရစ် တံတားတစ်စင်းကို လင်းခေးခရိုင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ