ရွှေတောင်မြို့နယ်တွင် နွေစပါး(၇၆၁)ဧကလျာထားပြီး ယနေ့ထိ(၁၀၈၅)ဧက စိုက်ပျိုးနိုင်

ရွှေတောင် မတ် ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ နွေစပါး(၇၆၁)ဧက လျာထားပြီး ယနေ့ထိ(၁၀၈၅)ဧကစိုက်ပျိုးနိုင်၍ တောင်သူများနှင့် ပူးပေါင်းပြီး ဆောင်ရွက်​​ပြီးစီးခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရွှေတောင်မြို့နယ်အနေဖြင့် ကြာနီကန်ရပ်ကွက်၊ ကြို့ကုန်းအုပ်စု၊ မင်းကွန်းအုပ်စု၊ ကျီးသဲအုပ်စု၊ သက်ရက်သုံးပင်အုပ်စု၊ ကျောင်းကုန်းအုပ်စု၊ ကျောက်ထရံအုပ်စု၊ ဆည်ကြီးကုန်းအုပ်စုတို့တွင် ယနေ့ထိ နွေစပါးဧက (၁၀၈၅)ဧကစိုက်ပျိုးနိုင်ပြီး ဖေဖော်ဝါရီ တတိယအပတ်မှစတင်၍ ရတနာတိုး၊ ပခန်းရွှေဝါ၊မ​နောသုခ၊ ရက်(၉၀) စပါးမျိုးများဖြင့် နွေစပါးစိုက်ပျိုး နိုင်ခဲ့ကြောင်း သိရသည်။

စပါးအထွက်နှုန်း ကောင်းမွန်စေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် စိုက်နည်းစနစ်မှန်ကန်စေရေး မြေသြဇာ စနစ်တကျ သုံးစွဲတတ်စေရန်နှင့် ပိုးမွှားကျရောက်မှုမှ ကာကွယ်နှိမ်နှင်းခြင်း နည်းစနစ်အားကွင်းဝန်ထမ်းများနှင့် လိုက်လံ၍ နည်းပညာပေးဆောင်ရွက်ပေးလျက်ရှိပြီး စိုက်ပျိုးမြေအနေအထားအရ တစ်ဧကလျှင် နွေစပါးအထွက်နှုန်း တင်း(၈၆)ခန့်ထွက်ရှိနိုင်မည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကိုကိုမင်း