မြင်းမူ၌ ပဲတောင့်ရှည် စိုက်ပျိုးရောင်းချသူများ မိသားစုပုံမှန်ဝင်ငွေရရှိနေ

မြင်းမူ မတ် ၂၂

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့  တပင်ရွှေထီးရပ်ကွက်တွင်  မိသားစုတစ်ပိုင်တစ်နိုင်အဖြစ် (၃၁၃) ပဲတောင့်ရှည် စိုက်ပျိုးရောင်းချသူ မိသားစုများ ပုံမှန်ဝင်ငွေရလျက်ရှိကြောင်း သိရသည်။

ရာသီနှင့်ကိုက်ညီသည့် အသီးအနှံပင်များကို ပုံမှန်ရွေးချယ်စိုက်ပျိုးလျက်ရှိကြောင်း၊ အဓိက စားဖိုချောင် သီးနှံများကို စိုက်ပျိုးရောင်းချကြောင်း၊  ခုလက်ရှိ ပဲတောင့်ရှည်(၁)ဧက အပင်အားဖြင့်

(၇၀၀၀)စိုက်ပျိုးထားရှိကြောင်း၊ ရင်းနှီးကုန်ကျစရိတ်(၈)သိန်းရှိကာ  စိုက်ပျိုးပြီး(၄၅)ရက်တွင် (၁)ရက်ခြား ပိသာ(၂၅၀)ကျော် ခူးယူရောင်းချရကြောင်း၊  အပင်သက်တမ်း အနေဖြင့် တစ်လခွဲခန့်ခူးယူရမည်ဖြစ်၍  ပိသာချိန်(၃၀၀၀)ကျော် ရရှိမည်ဖြစ်ကြောင်း၊ စိုက်ခင်းပိုင်ရှင် ဦးသန်းစိုးထံမှ သိရသည်။

ယခုလက်ရှိ ပဲသီးတောင့်ဈေးမှာ(၁)ပိသာလျှင်(၁၂၀၀)ကျပ်ရှိ၍ ဝင်ငွေအနေဖြင့် ရင်းနှီးငွေ နှုတ်ပြီးပါက အမြတ်ငွေကျပ်သိန်း(၃၀)ခန့်ရရှိမည်ဖြစ်ကြောင်း၊ ပဲသီးတောင့်များကို အဓိကအားဖြင့် မန္တလေးကုန်သည်များက စိုက်ကွင်းအရောက် လာရောက် ဝယ်ယူလျက်ရှိကြောင်း သိရသည်။

အောင်စိုးဖေ(မြင်းမူ)