မိုင်းခုတ် မတ် ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို ပြပွဲ၊ ပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ဉီးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက ပြပွဲ၊ ပြိုင်ပွဲ များ ကျင်းပရခြင်း ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး အသိပညာပေးစာအုပ်စာစောင်များအား ခင်းကျင်းပြသရာ အများပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်၊ အသိပညာ ဗဟုသုတရရှိစေရန်နှင့် ပါဝင်ယှဉ်ပြိုင်တတ်သည့် အလေ့အထရရှိစေရန် ဆေးရောင်ခြယ် ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပပေးရာ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင် ခဲ့ကြပြီး ဆုရရှိသူများအား ဂုဏ်ပြုဆု လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
ယဉ်ယဉ်ဝင်း