ကာမိုင်း မတ် ၂၂
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ အထက်တန်းကျောင်း(၂)ကျောင်းတွင် တက်ရောက်သည့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကိုဗစ်ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ လှူဒါန်းပေအပ်းခြင်းကို ယနေ့နံနက်(၁၀)နာရီခွဲ ခန့်က အ.ထ.ကမြစိမ်းရောင် ခန်းမနှင့် အ.ထ.က(ခွဲ) မြို့မ-၂ ကျောင်းသို့ သွားရောက်ပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ပစ္စည်းများကို ကချင်ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီမှ ပေးပို့ခဲ့ ခြင်းဖြစ်၍ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကာမိုင်းမြို့ ကြက်ခြေနီအသင်းခွဲငယ်မှ ဆက်လက်လှူဒါန်းခြင်းဖြစ်ရာ Face Shield (၁၅၀)ခု၊ Mask(၆၅၀)ခု၊ Hand Gel(၇)ဘူး၊ လက်အိတ်(၂)ဘူးတို့ကို အ.ထ.က-ကာမိုင်းနှင့် အ.ထ.က(ခွဲ) မြို့မ-၂ ကျောင်း(၂)ကျောင်းသို့ မြို့အုပ်ချုပ်ရေးမှူး၊ ပြန်/ဆက်ဦးစီးမှူးနှင့် ကြက်ခြေနီအသင်းခွဲငယ်မှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ ပူးပေါင်းကာ သွားရောက်လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
လဆိုင်း(ပြန်/ဆက်)