မြောင်းမြ မတ် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များက ပြည်သူများ မုန်တိုင်းဘေးအန္တရာယ် ကျရောက်လာပါက ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိရန် “မုန်တိုင်းဘေး ပညာပေး” လက်ကမ်းစာစောင်များကို ယနေ့ နံနက်(၁၀)နာရီက လူစည်ကားရာ နေရာများနှင့် ရပ်ကွက်များ၊ အတွင်းသို့ လှည့်လည်ပေးဝေခဲ့ကြောင်း သိရသည်။
အဆိုပါ မုန်တိုင်းအသိပညာပေး လက်ကမ်းစာစောင်တွင် မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန် အချက်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ် လိုက်နာရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့် အချက်များနှင့် မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ရှောင်ရှားရမည့်အချက်များ၊ မုန်တိုင်းအန္တရာယ်ကို နားလည် သဘောပေါက်လွယ်စေရန် အရောင်ဖြင့် သတိပေးချက်များ စသည့် အသိပညာပေးဆိုင်ရာများ ပါရှိကြောင်း သိရသည်။
မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ သဘာဝဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် သတိပေး လှည့်လည်နှိုးဆော်ခြင်းများ၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို အချိန်နှင့်တစ်ပြေးညီ လုပ်ဆောင်နေကြောင်း သိရသည်။
ခင်ရူပါအေး