မရမ်းကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ (၇၇)နှစ်​မြောက် တပ်မ​တော်​နေ့အထိမ်းအမှတ် (Talk Show) ကျင်းပ

မရမ်းကုန်း မတ် ၂၂

ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ယမန်​နေ့နံနက် ၁၀း၀၀ နာရီအချိန်က (၇၇)နှစ်​မြောက် တပ်မ​တော်​နေ့အထိမ်းအမှတ် (Talk Show) ကျင်းပ​ဆောင်ရွက်ခဲ့သည်။

အဆိုပါ Talk Showတွင် မြို့နယ်စာ​ရေးအသင်းအတွင်း​ရေးမှူး စာ​ရေးဆရာ​မြေလတ်ထင်​ကျော်မိုးက တပ်မ​တော်​နေ့ စတင်​ပေါ်​ပေါက်လာပုံ အ​ကြောင်းအရာများ၊ တပ်မ​တော် လက်ထက်​ ဆောင်ရွက်ခဲ့သည့် အ​ကြောင်းအရာများနှင့် တပ်မ​တော်အတွက် ဂုဏ်ယူ​လေးစားလျက်ရှိ​ကြောင်း အစရှိသည်တို့ကို​​ ဆွေး​နွေး​ပြောကြားခဲ့ပြီး ယခုလို​ဆောင်ရွက်ခဲ့သည့် (၇၇)နှစ်​မြောက်တပ်မ​တော်​နေ့ အထိမ်းအမှတ် Talk Show အပြည့်အစုံအား မရမ်းကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက် online page တွင် လွှင့်တင်​ဆောင်ရွက် ထားမည်ဖြစ်ပါ​ကြောင်း သိရသည်။

​အေး​အေး​အောင်(ပြန်/ဆက်)