ပိုင်ကျုံမြို့ ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်း ပြုလုပ်

ပိုင်ကျုံ   မတ် ၂၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်  ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community  Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များက စာရေးဆရာအောင်သင်းရေးသားသည့် “အားနေသောလက်များ” စာအုပ်ဖြင့်   စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်နော်ခူးခူးက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့်စာအုပ်၏ အ‌ကြောင်းအရာများကို ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ (BookClub) အဖွဲ့ဝင်ဒေါ်ကြာ‌စေးက  အားနေ သောလက်များ ခေါင်းစဉ်ဖြင့် ဆွေးနွေးရာ လူငယ်များအနေဖြင့် အားနေသောလက်များကို အလကားနေရာတွင်သုံးရင် အလကားလက်တွေဖြစ်လာတော့ လူကလည်း အလကားလူ ဖြစ်လာပါတယ်၊ အများအကျိုးသယ်ပိုးရာတွင်ပစ္စည်းဥစ္စာ‌ပေါကြွယ်ဝမှ ဆောင်ရွက်လို့ရတာ မဟုတ်သလို  ပလပ်စတစ်အမှိုက်‌ကောက်သည့်လူလည်း နိုင်ငံအတွက် ကိုယ့်ရပ်ကိုယ့်ရွာ အကျိုးအတွက် ဆောင်ရွက်နေတာပါပဲ၊ ဒါကြောင့် လူငယ်များအနေဖြင့် အားနေသောလက် များကို အလကားလက်များ မဖြစ်ရအောင် အကျိုးရှိသောအရာများ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသည့် အဖွဲ့ဝင်များက စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန်  ဆွေးနွေးခဲ့ကြ သည်။

ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ စာဖတ်ဝိုင်းများ၊ အသိပညာပေး ဆွေးနွေးပွဲများ ကိုဆောင်ရွက်ပေးခြင်းသည် စာဖတ်ပရိသတ်လူငယ်၊ လူရွယ်များ၊ ပြည်သူများ စာဖတ်သည့် အလေ့အကျင့် ကောင်းများရရှိစေရန်၊ စာပေမှရရှိသည့် အသိပညာဗဟု သုတများကို အခြားသူများသို့ မျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့်  အလေ့အကျင့်ကောင်းများ ရရှိလာစေရန်  ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

နော်ခူး (ပြန်/ဆက်)