ကျောက်ဖြူမြို့၌ မုန်တိုင်းအန္တရာယ်ကျရောက်လာပါက လျင်မြန်စွာတုံ့ပြန်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများ အဆင်သင့်စုဖွဲ့ ဆောင်ရွက်ထားရှိ

ကျောက်ဖြူ မတ် ၂၂

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မုန်တိုင်းအန္တရာယ်ကျရောက်လာပါက အရေးပေါ် ရှာဖွေ ကယ်ဆယ်မှုများအား လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများနှင့် တပ်ဖွဲ့ဝင်များအား အဆင်သင့်စုဖွဲ့ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင်  ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွန်ကြားရေးမှူး ဦးစည်သူလင်း၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးမင်းသူ ဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များမှ  မြို့နယ် အတွင်း ဖြစ်ပေါ်တတ်သည့် ဘေးအန္တရာယ်များနှင့် မြို့နယ်အတွင်း ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသအခြေအနေများကို ပြည်သူများထံသို့ အချိန်မီအသိပေးပြန်ကြားပြီး သဘာဝဘေး အန္တရာယ်များ ဖြစ်ပွားလာပါက လျင်မြန်စွာတုံ့ပြန်နိုင်ရေးနှင့် အခြားသောဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများ၊ လေထိုးဘုတ်များနှင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များအား အသင့်စုဖွဲ့ ဆောင်ရွက်ထားရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

 

တင်ထွန်းဦး၊ ဖြိုးဝေလင်း ခရိုင်(ပြန်/ဆက်)