မိုင်းနောင်မြို့ မတ် ၂၂
မိုင်းနောင်မြို့အခြေ ခံပညာအထက်တန်းကျောင်းတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အခြေခံပညာ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့်ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲကို ယနေ့နံနက် (၁၀)နာရီ အချိန်ထိ အေးချမ်းစွာ ဆက်လက်ဖြေဆို လျက်ရှိကြောင်းသိရှိရသည်။
မိုင်းနောင်မြို့ရှိ ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲကို အထက်တန်း ကျောင်းသား(၂၃) ဦး ၊ကျောင်းသူ (၄၂) ဦး စုစုပေါင်း(၆၅)ဦး၊ အလယ်တန်းအဆင့်တွင် ကျောင်းသား (၇၉)ဦး၊ ကျောင်းသူ (၁၃၆) ဦး ၊စုစုပေါင်း(၂၁၅)ဦး၊ မူလတန်း အဆင့်တွင် ကျောင်းသား(၂၄၀)ဦး၊ ကျောင်းသူ(၁၈၃)ဦး စုစုပေါင်း(၄၂၃) ဦးတို့က ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွန်ချက်များနှင့်အညီအေးချမ်းပျော်ရွှင်စွာ ဖြေဆိုလျက်ရှိသည်။
အဆိုပါကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲများကို မတ်လ ၁၇ ရက်နေ့ မှ မတ်လ ၂၃ ရက်နေ့ ထိ မိုင်းနောင်မြို့ အခြေခံ ပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
စောအောင်မိုးထွေး (မိုင်းနောင်)