ကျောက်ကြီး မတ်၂၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ၏ ပင်စင်လစာငွေများကို ထုတ်ပေးလျက် ရှိကြောင်းသိရသည်။
ကျောက်ကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကူးစက်မှုလျော့နည်းစေရေး ဆောင်ရွက်လျက်ရှိပြီး၊နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရေးအတွက် ယနေ့မှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဘဏ်လုပ်ငန်းချိန်အတွင်း ပင်စင်လစာ ငွေများ ထုတ်ပေးလျက်ရှိပြီး၊ ယနေ့အထိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား(၂၁၉)ဦးကို ထုတ်ပေးပြီးကြောင်း မြို့နယ် မြန်မာ့ စီးပွားရေးဘဏ် မန်နေဂျာ ဦးဇော်မင်းထံမှ သိရသည်။
ပင်စင်လစာများ ထုတ်ပေးနေစဉ်အတွင်း ပင်စင်စားဝန်ထမ်းများအား သက်တောင့်သက်သာ နားနေနိုင်ရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်