သတင်းများ

ရမည်းသင်းမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် စာစစ်ဌာနများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Mar 28,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် စာစစ်ဌာနများရှိ ကျောင်းသား၊ ကျောင်းသူများစာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ယနေ့ နံနက်၉ နာရီက စစ်ဆေးခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်ရုံး အေရိုးဗစ်သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
Mar 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးဖို့ နွေရာသီအေရိုးဗစ်သင်တန်းကို (၂၆-၃-၂၀၂၂)ရက်နေ့တွင် စတင်ဖွင့်လှစ်သင်ကြား‌ပေးလျက်ရှိရာ ယနေ့ (၂၈-၃-၂၀၂၂)ရက်နေ့ ညနေ ၃ နာရီအချိန်တွင် သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အမာမြို့တွင် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ လိုက်လံဖြန့်ဝေ
Mar 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မီးသတ် ဦးစီးဌာနတို့ ပူးပေါင်း၍ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များ လိုက်လံဖြန့်ဝေပေးခြင်းကို မတ်လ ၂၇ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ကူးစက်မြန် အိုမီခရွန်ရောဂါအကြောင်း အသိပညာပေး Talk Show ကျင်းပ
Mar 28,2022
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်ဒေသအဆင့်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးအနေဖြင့် မိဘပြည်သူများအား အသိပညာပေး Talk Show များအား ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉နာရီက လူထုအခြေပြုဗဟိုဌာန( Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။
ဘိုကလေးမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန (၁၀)ခုဖြင့် ကျင်းပဆောင်ရွက်သွားမည်
Mar 28,2022
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ်လ(၃၁)ရက်နေ့မှစ၍ ဧပြီလ(၉)ရက်နေ့အထိ ဘာသာတွဲများအလိုက် နိုင်ငံတစ်ဝှမ်းလုံး၌ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ရာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၌ အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန (၁၀)ခုဖြင့် ကျင်းပဆောင်ရွက်သွားမည်ဖြစ်သည်။
မိုင်းပန်မြို့နယ်တွင် နွေရာသီအခြေခံအားကစားသင်တန်း ဖွင့်လှစ်သင်ကြားလျက်ရှိ
Mar 28,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ ကျောင်းသား ကျောင်းသူများ၊ လူငယ်လူရွယ်များ အချိန်ကို အကျိုးရှိစွာအသုံးချနိုင်စေရန်၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ထူးချွန် ထက်မြက်၍ အရည်အသွေးပြည့်ဝသော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် အတွက် ရည်ရွယ်ကာ နွေရာသီအခြေခံ အားကစား သင်တန်းများကို မတ်လ (၂၅)ရက်နေ့မှ စတင်ဖွင့်လှစ်လေ့ကျင့်ပေးလျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနများအား မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး
Mar 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲကျင်းပမည့် တော်ကမယ်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းသို့ ယမန်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က သွားရောက်၍ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မာန်အောင်မြို့နယ်တွင် စိုက်ပျိုးရေး၊ ကျန်းမာရေး၊ စားသုံးသူရေးရာနှင့် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး ဦးစီးဌာနတို့ပူးပေါင်းပြီး ပိုးသတ်ဆေးနှင့်စပ်လျဉ်း၍ တောင်သူပညာပေး ဆွေးနွေးပွဲကျင်းပ
Mar 28,2022
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် စိုက်ပျိုးရေး၊ ကျန်းမာရေး၊ စားသုံးသူရေးရာနှင့် သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ပိုးသတ်ဆေးနှင့် စပ်လျဉ်း၍ တောင်သူပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။