ညောင်လေးပင်မြို့၌ နွေရာသီအခြေခံ အားကစားသင်တန်းဖွင့်လှစ်သင်ကြား
Mar 28,2022
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ လူငယ်လူရွယ်များအနေဖြင့် အခြေခံအားကစားနည်းစနစ်များအား သိရှိတတ်မြောက် စေရန်နှင့်ထူးချွန်ထက်မြက်ပြီး အရည်အသွေးတိုးတက်ကောင်းမွန်သော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သော နွေရာသီအခြေခံအားကစားသင်တန်းဖွင့်ပွဲကို ယမန်နေ့ညနေ ၄ နာရီကလူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဖွင့်လှစ်သင်ကြား ပေးခဲ့ပါသည်။