ရမည်းသင်းမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် စာစစ်ဌာနများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရမည်းသင်း  မတ်  ၂၈

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် စာစစ်ဌာနများရှိ ကျောင်းသား၊ ကျောင်းသူများစာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ယနေ့ နံနက်၉ နာရီကစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ စာစစ်ဌာများကိုစစ်ဆေးရာတွင် ရမည်းသင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ပညာရေး တို့ပူးပေါင်းအဖွဲ့မှ ရမည်းသင်း မြို့နယ်အတွင်းစာစစ်ဌာ(၇)  ခုရှိရာ အထက( မြို့လှ)၊အထက(သိမ်ကုန်း)၊အထက (ရွာတန်း)၊ အထက(ရွှေဒါး)၊ အထက(၁) ပင်းမ၊တိုးချဲ့ဆောင်နှင် အထက(မြို့မ)ကျောင်းတို့ကို ကွင်းဆင်း ကြည့်ရှု စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် စာဖြေခန်းများ၊ ယာယီဆေးခန်း၊ သန့်စင်ခန်းများ အတွင်းစည်း/အပြင် စည်းလုံခြုံရေးချထားမှုမှုများ၊ မီးဘေးလုံခြုံရေးလျှပ်စစ်မီးကြိုးများ သွယ်တန်းမှု၊ဝါယာလျှော့ မဖြစ်စေရေး၊ ရေ၊မီး၊မိလ္လာ အသုံးပြုမှုအခြေအနေများနှင့် အရေးပေါ် ကျန်းမာရေး စောင့်ရှောက် ခန်းတို့ကိုကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)