မိုင်းပန်မြို့နယ်တွင် နွေရာသီအခြေခံအားကစားသင်တန်း ဖွင့်လှစ်သင်ကြားလျက်ရှိ

မိုင်းပန် မတ် ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ ကျောင်းသား ကျောင်းသူများ၊ လူငယ်လူရွယ်များ အချိန်ကို အကျိုးရှိစွာအသုံးချနိုင်စေရန်၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ထူးချွန် ထက်မြက်၍ အရည်အသွေးပြည့်ဝသော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် အတွက် ရည်ရွယ်ကာ နွေရာသီအခြေခံ အားကစား သင်တန်းများကို မတ်လ  (၂၅)ရက်နေ့မှ စတင်ဖွင့်လှစ်လေ့ကျင့်ပေးလျက်ရှိကြောင်း သိရသည်။

 နွေရာသီ အခြေခံအားကစားသင်တန်းများဖြစ်သော ဘောလုံး၊ စစ်တုရင်၊ စားပွဲတင် တင်းနစ်စသည့် ကစားနည်းများကို နံနက် (၈) နာရီမှ (၉) နာရီအထိလည်း‌ကောင်း၊ Aerobic Fitness Dance၊ ပိုက်ကျော်ခြင်း၊ ကြက်တောင် စသည့် ကစားနည်းများကို ညနေ  (၃) နာရီမှ (၄) နာရီထိလည်း‌ကောင်း အချိန်ခွဲ၍ သင်ကြားပေးလျက်ရှိပြီး သင်တန်းသား/သင်တန်းသူ စုစုပေါင်း(၁၁၀)ဦးခန့် တက်ရောက်သင်ကြားလျက် ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ တာ၀န်ရှိသူတစ်ဦးထံမှ သတင်းရရှိသည်။

မိုင်းပန်