သတင်းများ

ကယားပြည်နယ် အစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ထမ်းများအား ဝတ်စုံနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်
Mar 28,2022
ကယားပြည်နယ် အစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ထမ်းများအား ဝတ်စုံနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က လွိုင်ကော်မြို့၊ မြို့နယ် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ဖြူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၌ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် လူငယ်အခန်းကဏ္ဍမြှင့်တင်ရေး အစီအစဉ်အရ ဒေသအဆင့်ရာသီဉတုပြောင်းလဲမှု ခံနိုင်ရည်ရှိရေး စွမ်းဆောင်ရည် တည်ဆောက်ခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်
Mar 28,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၌ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် လူငယ်အခန်းကဏ္ဍ မြှင့်တင်ရေးအစီအစဉ်အရ ဒေသအဆင့်ရာသီဉတု ပြောင်းလဲမှုခံနိုင်ရည်ရှိရေး စွမ်းဆောင်ရည်တည်ဆောက်ခြင်းဆိုင်ရာသင်တန်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ကြောင်း သိရသည်။
ကျောက်မဲမြို့ပေါ်ရှိ ပိုးသတ်ဆေး အရောင်းဆိုင်များအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး
Mar 28,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ပေါ်ရှိ စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေးများ ရောင်းချနေသည့် အရောင်းဆိုင် ၅ ဆိုင်အား ယနေ့နံနက် ၉ နာရီ အချိန်က  တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မြောက်ဦးခရိုင်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများတွင် မီးဘေးလုံခြုံရေးကြိုတင် စစ်ဆေး
Mar 28,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများတွင် မီးလောင်မှုမရှိစေရေးအတွက် စာသင်ကျောင်းများသို့ သွားရောက်ပြီး ယနေ့နံနက် ၁၀ နာရီအချိန်က သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းရာနှုန်းပြည့် ထိုးနှံပြီးစီးရေးအတွက် မြို့အဝင်၊အထွက် စစ်ဆေးရေးဂိတ်ဖွင့်လှစ်၍ ပြည်သူများ ကာကွယ်ဆေး ထိုးနှံပြီးခြင်း ရှိ/မရှိ ကြပ်မတ်စစ်ဆေး
Mar 28,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း ရာနှုန်းပြည့် လွှမ်းခြုံစွာ ထိုးနှံပြီးစီးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ယနေ့ နံနက်ပိုင်းက မြို့အဝင်၊အထွက် နေရာများတွင် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ထားရှိပြီး ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံထားခြင်း ရှိ/မရှိ ကြပ်မတ် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး ရှမ်း/မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်
Mar 28,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေလျက်ရှိရာ ယနေ့နံနက် ၈ နာရီက ပါယောင်း( ၁) (၂) ၊ ကချင်စံပြ၊ တာမ စသည့် ကျေးရွာများသို့ ဆက်လက်ပူး​ပေါင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ဟောပြောပွဲနှင့် နွေရာသီသင်တန်းများဖွင့်ပွဲ အခမ်းအနားသို့ နံရံကပ် ဓာတ်ပုံများနှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသ
Mar 28,2022
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ဟောပြောပွဲနှင့် နွေရာသီသင်တန်းများဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်က မုံရွာမြို့အထက ၂ (အလုံ)၌ ကျင်းပပြုလုပ်ရာ အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးရုံး၏ လမ်းညွှန်ကြီးကြပ်မှုနှင်အတူ မုံရွာခရိုင် လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများက နံရံဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲများ ပါဝင်ပြသခဲ့ကြပြီး ပြပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူလေးများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ရသေ့တောင်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေး
Mar 28,2022
ရသေ့တောင်မြို့နယ်၌ ၂၀၂၂-ခုနှစ်၊မတ်လ(၃၁)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အထိ ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲကို ဖြေဆိုခွင့်လျှောက်ထားကြသည့် ကျောင်းသား/သူများသို့ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများ ထုတ်ပေးခြင်းကို သက်ဆိုင်ရာ စာစစ်ဌာနများတွင် ထုတ်ပေး လျက်ရှိကြောင်း သိရသည်။